အမြို့မြို့အနယ်နယ်သတင်းများ

Jul 13,2022
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်(ဓမ္မစင်္ကြာအ ခါတော်နေ့) တွင်  ဘုရားဖူးများနှင့်စည်ကားလျက်ရှိ​ကြောင်
Jul 13,2022
မြန်မာသက္ကရာဇ် ၁၃၈၄ ခု၊ ဝါဆိုလပြည့်(ဓမ္မစကြာနေ့) အင်္ဂါနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Jul 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် အတွင်းရှိ တိုက်ကြီးမြို့၊ ဥက္ကံမြို့နှင့် အဖျောက်မြို့များတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်အတွက် အသက် ၈၅ နှစ်နှင့် အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက အိမ်တိုင်ရာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Jul 13,2022
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊   ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုကားလမ်းမကြီး မိုင်တိုင်အမှတ် (၁၀၂၈) နေရာ၌ ယမန်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် လဲကျပိတ်ဆို့နေသည့် သစ်ပင်အား ယာဉ်များ သွားလာ/ ပြတ်တောက်မှု မရှိစေရေးအတွက် အလျင်အမြန် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 13,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနက အသက်(၅)နှစ်မှ(၁၂)နှစ်အောက် ကျောင်းသား/သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို အ.ထ.က မင်းလှ(မြို့တွင်း)ကျောင်း၌ ယနေ့ နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
Jul 13,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် (၈)နာရီအချိန်က သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည်။
Jul 13,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ဖြစ်သည့် ယမန်နေ့ညနေပိုင်းတွင် မြို့ပေါ်ရှိတန်ခိုးကြီးဘုရားစေတီများနှင့် ပန်းခြံတို့တွင် ကုသိုလ်ပြုသူ ဘုရားဖူးပြည်သူများ၊ အပန်းဖြေလာရောက်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
Jul 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယမ်းခကျေးရွာအုပ်စု၊ ဝမ်ဆမ်ရွာအနီး ကျိုင်းတုံ-တာချီလိတ် ကားလမ်းတွင် ယမန်နေ့က ကားတစ်စီးအပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။