အမြို့မြို့အနယ်နယ်သတင်းများ

Nov 23,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ မကွေးခရိုင်​၊‌‌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တောင်တွင်းကြီးမြို့နယ်အတွင်း တောင်တွင်းကြီး-အောင်လံကားလမ်းမကြီးနှင့် ဆက်သွယ် ဖောက်လုပ်ထားသော ရွှေအင်ပင်ကျေးရွာ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပြီးစီးမူ့အခြေအနေကို ယမန်နေ့နံနက်(၉)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
Nov 23,2022
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ မြို့နယ်စာရေးဆရာအသင်းက စီစဉ်ဆောင်ရွက်သော ၂ဝ၂၂ ခုနှစ် စာဆိုတော်အနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အထက(၂) ပညာရတနာခန်းမတွင် ကျင်းပကြောင်း သိရသည်။
Nov 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Women Club နှင့် Youth Club အသင်းတို့ပူးပေါင်း၍  ပန်းအလှထိုးနည်းသင်တန်းကို ယနေ့ နံနက် ၁၀နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ လူငယ်‌လေးများအား ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် အခြားသော ထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး၊ သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် လူငယ်ရေးရာအသိညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် စာအုပ်စာစာင်များ အခမဲ့ငှားရမ်းပေးခြင်းကို မိုဘိုင်းစနစ်ဖြင့် စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Nov 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် အ.ထ.က သပြုကွင်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန်ရည်ရွယ်၍ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများကို သက်မှတ်ထားသည့်နေရာအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိရာ အသက်(၅)နှစ်မှ (၁၁)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေး Germany နိုင်ငံထုတ် Pfizer ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Nov 23,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ခွင့်ပြုငွေ (၂၂၀.၃၇၀) ဖြင့်‌ ရွှေတနိုင်းကုမ္ပဏီမှ တည်ဆောက်နေသည့် အမက-ဂျိုဆာဒီး (၁၂၀'×၃၀') RCC (သံကူကွန်ကရစ်) ခြေတံရှည် (၁) ထပ် ကျောင်းဆောင်သစ် နှင့် ခွင့်ပြုငွေ ၁၃၄.၅၀၀ ဖြင့် မြန်မာဟူးကောင်းစတား ကုမ္ပဏီမှ တည်ဆောက်နေသည့်
Nov 23,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူဖြစ် စေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသော စျေးနှုန်းဖြင့် ‌ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၃)စျေးရပ် ကွက်၌ ပြုလုပ်ခဲ့သည်။