Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တနိုင်းမြို့နယ်၌ ပြည်သူများ နှာခေါင်းစည်း (Mask)တပ်ဆင်သွားလာရေးအသိပညာပေးပြီး Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်
Oct 21,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပ ထွက်ခွာတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီက တနိုင်းမြို့ လူစည်ကားသည့် လီဒိုလမ်းမကြီးပေါ်ရှိ လမ်းဆုံနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်ခရိုင်၏ လျာထားမဲရုံသတ်မှတ်ခြင်းနှင့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး အထောက်အကူပြု မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာ လုပ…
Oct 21,2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်းနှင့် ဦးကိုကိုလွင် (တနင်္သာရီတိုင်း ဒေသကြီးတာဝန်ခံ) တို့သည် တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိနှင့် မြိတ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် မြိတ်ခရိုင်၏ လျာထားမဲရုံသတ်မှတ်ခြင်းနှင့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး အထောက်အကူပြု မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင် စစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်အတွင်းရှိ စာသင်ကျောင်း (၁၉၆)ကျောင်း၌ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်မည်
Oct 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း စာသင်ကျောင်း (၁၉၆)ကျောင်းတွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေး အကြံပြုခြင်းများကို အောက်တိုဘာ (၁၈)ရက်နေ့မှ စတင်စစ်ဆေးခဲ့ရာ ယနေ့အထိ စာသင်ကျောင်း(၁၀၀)အားဆောင်ရွက် ပြီးပြီဖြစ်ကြောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၊ သဗ္ဗေညုဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ မိုင်းအန္တရာယ်အသိပညာပေးဆောင်ရွက်
Oct 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ခရိုင်/မြို့နယ်ကြက်ခြေနီအသင်းမှ သဗ္ဗေညုဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ မိုင်းအန္တရာယ်အသိပညာပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာတွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Oct 21,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဒေသခံပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခန့်ကစတင်၍ ဘားကပ်ကျေးရွာတွင် အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် သီတင်းသုံးနေထိုင်တော်မူသော ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်များအား (၁၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင…
Oct 21,2022
ကရင်ပြည်နယ်အတွင်း ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ သာသနာတော်သုံးရပ် စည်ပင်ပြန့်ပွားထွန်းကား၍ သာသနာတော်ကို အထောက်အပံ့ဖြစ်စေပြီး သာသနာ့အကျိုး ရွက်သယ်ပိုးနိုင်စေရေးအလို့ငှာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဗုဒ္ဓဘာသာနွယ်ဝင်ပြည်သူများ ပူးပေါင်းပါဝင်သော (၁၉) ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည့် ကျင်းပရေးစီမံခန့်ခွဲမှု ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံနိုင်ရေ…
Oct 21,2022
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်း ပါဝင်လာနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့်အချက်များနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညနေ ၃ နာရီခွဲ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စားသုံးသူကာကွယ်ရေးဥပဒေအသိပညာပေး Talk Show ပြုလုပ်
Oct 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် ပြည်သူများအသိ ပညာဗဟုသုတရရှိ စေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်းကျင်းပသည့် စားသုံးသူကာကွယ်ရေးဥပဒေ အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ ၂ နာရီ တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15270
Page
15271
Page
15272
Page
15273
Current page
15274
Page
15275
Page
15276
Page
15277
Page
15278
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department