Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မင်းတုန်းမြို့နယ် ဌာနဆိုင်ရာများ တွေ့ဆုံပွဲပြုလုပ်
Oct 21,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က အဖွင့်အမှာစကား ပြောကြားပြီး မင်းတုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် နေကြာ စိုက်ပျိုးနိုင်မှု အခြေအနေအား တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် မင်းတုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းက ဒေသဆိုင်ရာ အချက်အလက်နှင့် လယ်ယာကဏ္ဍ စိုက်ပျိုး ထုတ်လုပ်နိုင်မှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့မစျေးအတွင်း လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံ ရောင်းချနေသော ဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ လိုက်လံစစ…
Oct 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် သနပ်ပင်မြို့မ စျေးကြီး အတွင်း/အပြင် လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံရောင်းချနေသော ဆိုင်များသို့ ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ဆပ်ပြာခဲများ၊ စားသုံးဆီများ Bella Plus Plaster နှင့် အခြားအမှတ်တံဆိပ်ပါ Plaster များတွင် ဆေးဝါးမှတ်ပုံတင် ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး၊ စားသောက်ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်
Oct 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပဲခူးခရိုင် စားသုံသူရေးရာဦးစီးဌာနတို့ ပူးပေါင်၍ ကုန်စည်လုံခြုံစိတ်ချရမှု ကုန်အညွှန်းအမှတ်အသား သိကောင်းစရာ (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်း က မြို့နယ်အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့နယ် ဖရဲကျေးရွာတွင် မျိုးစေ့ထုတ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Oct 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက လယ်မြေကွင်းအမှတ်(၈၅၄-ခ)၊ ဦးပိုင်အမှတ်(၃၅/၄) တောင်သူဦးစိုးသိန်းပါ(၃)ဦး၏ လယ်ယာမြေ(၁၈)ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဒေသ ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်
Oct 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၁:၃၀ နာရီအချိန်ခန့်က ဇရပ်ကွင်းအုပ်စု၊ ဇရပ်ကွင်းကျေးရွာ ဇေယျာသီဝံ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့၌ အခြေခံ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Oct 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ဒေသခံပြည်သူများ အနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူ ဖြစ်စေရန်နှင့် အခြေခံ စားသောက်ကုန်များကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် အခြေခံ စားသောက်ကုန်များအား ယနေ့နံနက် (၇)နာရီခွဲအချိန်က ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်း
Oct 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာတွင် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့ရှိ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်း စစ်ဆေး
Oct 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ကျုံဒါးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းသို့ ကွင်းဆင်းသွားရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15249
Page
15250
Page
15251
Page
15252
Current page
15253
Page
15254
Page
15255
Page
15256
Page
15257
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department