အမြို့မြို့အနယ်နယ်သတင်းများ

Oct 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်  တောင်လွှဲကျေးရွာကုန်ထုတ်လမ်းကို အကောင်အထည်ဖော် ဖောက်လုပ်လျက်ရှိသည်။
Oct 25,2022
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်း‌ရေးကို အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီက မူလတန်း လွန်-ဟူးကောင်းကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
Oct 25,2022
ပြည်သူများအနေဖြင့် လက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းဆောင်ရွက်‌နေမှုများကို သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ တောချောင်း ကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ သီရိရတနာမြို့ဦး ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
Oct 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယမန်နေ့နေ့လယ်(၁:၀၀)တွင် ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်သည့် သာကေတမြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီပြင်ဆင်ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပခဲ့သည်။
Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၆ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ကြံခင်းမြို့နယ်အတွင်းရှိ ပင်စင်လစာ ထုတ်ယူသူဦးရေ စုစုပေါင်း (၁၁၅၃) ဦးရှိရာ နိုင်ငံရေး ပင်စင် (၈၇)ဦး၊ ကာကွယ်ရေး ပင်စင်(၂၈၃)ဦး၊ မြို့ပြပင်စင်(၇၇၂)ဦးနှင့် ဘဏ်ပင်စင်စား (၁၁)ဦးရှိကြောင်း သိရသည်။
Oct 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အောင်မင်္ဂလာစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ယနေ့ နံနက်(၈:၀၀)နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။
Oct 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်သတိပြုနိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Oct 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီက အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ပါသည်။