အမြို့မြို့အနယ်နယ်သတင်းများ

Dec 01,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ မြို့မဈေးမီးဘေးလုံခြုံရေးသရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးအတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Dec 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၁)ရက်နေ့ နံနက်(၈)နာရီအချိန်က တမူးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့သည်။
Dec 01,2022
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် ဒုတိယအစည်း အဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီ၌ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာမဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Dec 01,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
Dec 01,2022
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်‌လေးများအား ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး လူမှုရေးနှင့် အခြားသောထွေထွေဗဟုသုတများရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ၊ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှားပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာ‌စောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Dec 01,2022
 မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့အ၀င်များ၌ စိမ်းလမ်းစိုပြေ သာယာလှပရေးဆောင်ရွက်လျက်ရှိရာ မတ္တရာမှမန္တလေးမြို့အ၀င်လမ်းပိုင်းတွင် ၁၀ ပေအမြင့်ရှိ သပြေ ဘူတပင်များကို အပင်လိုက်ရွှေ့ ပြောင်းစနစ်ဖြင့် အပိုင်း(၂)ပိုင်းခွဲ၍ အပင်ပေါင်း ၂၄၀ ကို ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန၊ လုပ်ငန်းဌာနခွဲမှ စိုက်ပျိုးခဲ့ရာ နိုဝင်ဘာ၂၉ ရက်တွင် ပြီးစီး ကြောင်းသိရသည်။
Dec 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလုံမြို့နယ်အတွင်းရှိ YBS မော်တော်ယာဉ်ယာဉ်လိုင်းများမှ တာဝန်ရှိသူများတွေ့ဆုံညှိနှိုင်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အလုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ကြောင်းသိရသည်။