Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နမ္မတူမြို့နယ်၌ လီဆူစာပေနှင့်ယဉ်ကျေးမှု (၁၀၆)နှစ်ပြည့် အထိမ်းအမှတ်ပွဲ စည်းကားသိုက်မြိုက်စွာကျင်းပမည်
Feb 27,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် လီဆူစာပေနှင့်ယဉ်ကျေးမှု (၁၀၆)နှစ်ပြည့်အထိမ်းအမှတ်ပွဲကို အမှတ်(၈)အခြေခံပညာ မူလတန်းလွန်းကျောင်းဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့၌ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပရေး ပထမ…
Feb 27,2023
၂၀၂၃ ခုနှစ် ၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပရေး ပထမအကြိမ် အကြိုညှိနှိုင်း အစည်းအဝေးကို ကယားပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်
Feb 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစားထူးချွန်သော လူငယ်များပေါ်ထွက်လာစေရေး၊ ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်များတွင် ဝါသနာပါရာကိုလေ့လာနိုင်ရန်၊ အခြားမလိုလားအပ်သောလမ်းကြောင်းများ၊ ဦးတည်ချက်များဖြင့် မှားယွင်းမှုများ မဖြစ်ပေါ်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် မိုးနဲမြို့နယ် ပြည်သူ့အားကစားကွင်းနေရာ၌ နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ မြစိမ်းရောင်ကျေးရွာရွေးချယ်ခြင်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးစေရေးရည်ရွယ်၍ မြစိမ်းရောင်အရင်းမပျောက် ချေးငွေလုပ်ငန်းများ ဆောင်ရွက်မည့် ကျေးရွာရွေးချယ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန ရုံးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများခင်းကျင်းပြသ
Feb 27,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ Aureum Palace Hotel ၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က Aureum Palace Hotel ရှိ ကျန်စစ်သားခန်းမ၌ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထိုးနှံပေး
Feb 27,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးကို အသက်(၅)နှစ် မှ(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအား ယနေ့တွင် ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်တွင် ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမြင်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရား ပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ကျက်သရေဆောင် ရှေးဟောင်း သမိုင်းဝင် ရွှေမြင်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန် ၉ ရက်၊ ယနေ့ နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Feb 27,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်း ပေးမှုကို ရပ်ကွက်/ကျေးရွာများအရောက် လိုက်လံငှားရမ်းပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်း ကျေးရွာသို့ သွားရောက် ငှားရမ်းပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13251
Page
13252
Page
13253
Page
13254
Current page
13255
Page
13256
Page
13257
Page
13258
Page
13259
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department