Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် မွေးကင်းစမှ အသက် ၁ နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Mar 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းမှ နေ့လယ်ပိုင်း အထိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စစ်ဆေး၍ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးရာ လာရောက်ထိုးနှံသူ များပြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းမိသားစုများအား စိုက်ပျိုးထားသည့် ဟင်း…
Mar 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ယနေ့ နံနက်ပိုင်းက မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား ဖိတ်ကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း သဘာဝမြေသြဇာဖြင့် စိုက်ပျိုးထားသည့် တောင်သူ ပညာပေး စိုက်ခင်းမှ အသီးအနှံ ဟင်းသီး ဟင်းရွက်များ ခူးဆွတ်၍ မိသားစုများ စားဝတ်နေရေး အဆင်ပြေစေရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်၌ အစိုးရပါဠိပထမပြန် စာမေးပွဲနှင့် မြို့နယ်အခြေပြု ပရိယတ္တိစာမေးပွဲ ဆုနှင်းသဘင် အခမ်းအနားကျင်းပ
Mar 08,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် မြို့နယ်အခြေပြု ပရိယတ္တိစာမေးပွဲ ဆုနှင်း သဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီက သဲတောမြတ်ဘုန်းရှင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့တွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 08,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်း မတ်လ(၈) ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင် မြို့အတွင်းရှိ အထက-ကလိန်အောင်စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်င…
Mar 08,2023
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာ စတင်ဖြေဆို
Mar 08,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံနှင့်တစ်ဝန်းရှိ အခြေခံပညာ အထက်တန်းကျောင်းများအားလုံးတွင် တစ်ပြိုင်တည်း ဖြေဆိုလျက်ရှိရာ တံတားဦးမြို့နယ်ရှိ အခြေခံပညာထက်တန်းကျောင်းတွင်လည်း ယနေ့နံနက်(၉)နာရီက မြန်မာဘာသာ စတင်ဖြေဆိုနေပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်၌ ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန (၈) ခုဖြစ်သော အ.ထ.က-၁ တွင် ၁၆၅ ဦး ၊ အ.ထ.က-၂ တွင် ၁၀၅ ဦး ၊ အ.ထ.က ရွာသစ်တွင် ၁၅၃ ဦး၊ အ.ထ.က ကြို့ကုန်းတွင် ၉၁ ဦး၊ အ.ထ.က-တကူဆိပ်တွင် ၆၉ ဦး၊ အ.ထ.က-ဝါးတလုတ်ကမ်းနီတွင် ၃၆ ဦး၊ အ.ထ.က- လူကောင်းကျွန်းတွင် ၃၇ ဦး၊ အ.ထ.က ဘုရားကြီးကုန်းတွင် ၃၃ ဦး စသည့် စာစစ်ဌာန ၈ ခုတို့တွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆၈၉ ဦးတို့သည် ယနေ့ နံနက် (၉) နာရီတွင် မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဖားဆောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ ဆီဝယ်ယူရန်အတွက် ထောက်ပံ့ငွေပေးအပ်
Mar 08,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ ဆီဝယ်ယူရန်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
13080
Page
13081
Page
13082
Page
13083
Current page
13084
Page
13085
Page
13086
Page
13087
Page
13088
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department