Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြေပုံမြို့၌ ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) နယ်လှည့်ဆေးကုဆေးအဖွဲ့ ရောက်ရှိမည့်နေ့ရက်၊ နေရာ၊ ဆေးကုသမည့်အချိန်တို့ကို ပြည်သူ့များသိရှိနိုင်ရန် လှည့်လ…
Mar 14,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့သို့ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) နယ်လှည့်ဆေးကုအဖွဲ့ ရောက်ရှိမည့် နေ့ရက်၊ နေရာ၊ အချိန်တို့ကို ပြည်သူများသိရှိနိုင်ရန်အသိပေး လှည့်လည်ကြော်ငြာခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်က စတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ(၇)ရွာသို့ သွားရောက်လှည့်လည်ဆော်ဩသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောသရုပ်ပြ
Mar 14,2023
ပြည်မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပေါ်စေရေးနှင့် မီးလောင်မှုကြောင့် ဒေသတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနတာဝန်ရှိသူများအဖွဲ့က မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနရုံး၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောသရုပ်ပြပွဲ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံခရိုင် (Community Centre) ခန်းမတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Mar 14,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၃ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူခရိုင်အတွင်း ကမ်းပါးပြိုကျမှုအန္တရာယ်နှင့် ကြုံတွေ့နေရသည့် ကျေးရွာများအနေဖြင့် ကမ်းထိန်းနှင့်ရေလမ်းကြောင်း ပြုလုပ်ပေးရေး လိုလားလျက်ရှိကြ
Mar 14,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွန်းပုလုကျေးရွာအုပ်စုအတွင်းရှိ ကျွန်းပုလုကျေးရွာ၊ ခြောက်ဦးသားကျေးရွာနှင့် ရေစကြိုမြို့နယ်၊ အောင်သာကျေးရွာ၊ ငါးလန်ကျေးရွာများအတွင်းရှိ ရေလယ်ကျွန်းကျေးရွာများသည် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကျေးရွာများပျက်ဆီးနိုင်သဖြင့် ကမ်းထိန်းလုပ်ငန်းနှင့် ရေလမ်းကြောင်းပြောင်းလဲဖောက်လုပ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရေးတို့အတွက် လိုလားလျက်ရှိကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်၌ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည် ၊ ကန် ၊ တမံများမှ ရေများ ဖြန့်ဝေပေး
Mar 14,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန်၊ တမံများမှ စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ပွင့်လင်းရာသီကာလ ငှက်ပျောဈေးကွက် ကောင်းမွန်လာသဖြင့် ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေ
Mar 14,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီ ရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး ငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ ငှက်ပျောအထွက်နှုန်း ကောင်းမွန်လျက်ရှိကြောင်းနှင့် ယခု ပွင့်လင်းရာသီကာလ၌ ငှက်ပျောဈေးကောင်းမွန်လာသဖြင့် ဒေသတွင်းရှိ ငှက်ပျောစိုက်ပျိုးကြသူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန်တုံမြို့နယ်၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်
Mar 14,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ရွှေ့ပြောင်းသွားလာခြင်း” ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့၌ မီးဘေးသင့်အိမ်ထောင်စု(၄)စုတို့အား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
Mar 14,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စိန်ညှင်းပြားကျေးရွာအုပ်စု၊ ဒိုင်နက်ပြင်ကျေးရွာ၌ မတ်လ(၉)ရက်နေ့ညက မီးလောင်ကျွမ်းခဲ့ သည့် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12986
Page
12987
Page
12988
Page
12989
Current page
12990
Page
12991
Page
12992
Page
12993
Page
12994
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department