Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကမမောင်းမြို့၌ မေမြို့ပန်းစိုက်ပျိုးရောင်းချသူများ မိသားစုစားဝတ်နေရေးအတွက် ပုံမှန်ဝင်ငွေရရှိ
Mar 17,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် နေ့စဥ်ဝင်ငွေ ရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေရန်အတွက် မေမြို့ပန်း စိုက်ပျိုးရောင်းချသည့် မိသားစုများရှိကြောင်း ကမမောင်းမြို့ အထက်မီးဇိုင်းကျေးရွာတွင် စိုက်ပျိုးထားသော မေမြို့ပန်းခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဥ်ခူးဆွတ်ရောင်းချသဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်၌ “ဝ”နှစ်ခြင်းခရစ်ယာန် အသင်းတော်၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်အကြို အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ
Mar 17,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ “ဝ”နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်အကြိုအဖြစ် အမျိုးသား ဘောလုံးပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အားကစားကွင်းတွင်ပြုလုပ်ရာ ပထမပွဲစဉ်အဖြစ် Wa United အသင်းနှင့် M New Star အသင်းတို့ ယှဉ်ပြိုင်ကစားရာ Wa United အသင်းက ၆ ဂိုး ၃ ဂိုးဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်ကို မွန်းလွဲ ၃ နာရီတွင် ကျင်းပရာ ပန်လုံအသင်းက မိန်းပန်း(၀)အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်
Mar 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ စာရေးဆရာ နတ်သျှင် (ရွှေဂူ)၏ လူငယ်များကိုပျိုးထောင်ပေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယမန်နေ့နံနက် (၁၁:၀၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇီးကုန်းမြို့နယ်တွင် မျိုးစေ့ချကိရိယာ (DRUM SEEDER) ဖြင့် နွေစပါးစိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်/ ကြပ်အဖွဲ့များ ကွင်းဆင်…
Mar 17,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် နွားတဲကုန်းကျေးရွာအုပ်စု၊ မြောက်လွှတ်ကုန်းကျေးရွာ ဧက(၁၀၀)စံပြကွက်၌ မျိုးစေ့ချကိရိယာ (DRUM SEEDER)ဖြင့် နွေစပါးစိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီများ ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ
Mar 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီဌာန မှ ပြည်သူများအနေဖြင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများတိုးပွားရရှိစေရေး၊ စာဖတ်သူပွားများရေးအတွက် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာမိုးရှင်းရေးသားသည့် သူစိတ်ဓာတ်ကျချိန်တိုင်းဖတ်ဖို့စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို
Mar 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့က စတင်ဖြေဆိုလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက အတွဲ(၂) သမိုင်းဘာသာရပ်ကို အထက(မိုင်းခတ်) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ(၁၁)ဦးတို့က အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့လူထုအခြေပြု (Community Centre)ခန်းမ၌ စာဖတ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူး Talk Show ဆောင်ရွက်
Mar 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့၌ စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူး Talk Show ကို ယမန်နေ့နံနက် (၁၀) နာရီအချိနခန့်က မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်၊၊
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့၌ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် တပ်မတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
12917
Page
12918
Page
12919
Page
12920
Current page
12921
Page
12922
Page
12923
Page
12924
Page
12925
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department