သနပ်ပင် ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပင်စင်ထုတ်ပေးရာတွင် အခက်အခဲမရှိစေရန် အုပ်စုများခွဲကာ နေ့ရက်အလိုက် သတ်မှတ်ပေးကာ မြန်မာ့စီးပွားရေးဘဏ်မှ အလှည့်ကျထုတ်ပေးလျက်ရှိပြီး ပင်စင် ထုတ်ယူရာတွင် လစဉ် ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သနပ်ပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပင်စင်စားများအား နံနက်(၀၇:၀၀)နာရီအချိန်မှ နေ့လယ် (၁၄:၀၀)နာရီ အချိန်အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူ များအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
လှမိုး(ပြန်/ဆက်)