နတ်မောက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေးကျင်းပ

နတ်မောက် ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေးကို ယနေ့နံနက်၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုမရှိစေရန်ထိမ်းချုပ်နိုင်ရေး အသိပညာပေးနိုးဆော်ပေးရန်၊ အခြား နိုင်ငံများတွင်ဖြစ်ပေါ်နေသည့် BA- 4, BA- 5 ရောဂါမဖြစ်ပွားစေရန် ပြည်သူလူထုကို အသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးရန်၊ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးရန်နှင့် ထပ်ဆောင်းကာ ကွယ်ဆေးကိုလည်းထိုးရန်၊ လူစုလူဝေးများအတွင်း သွားလျှင် Mask တပ်ရန်၊ လူစည်ကားသည့်နေရာနှင့် လမ်းဆုံတို့တွင် ကိုဗစ်- ၁၉ ရောဂါ အကြောင်း သိကောင်းစရာပိုစတာများစိုက်ထူရန်၊ နတ်မောက် မြို့နယ်အတွင်း ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများမှ တိုက်တွန်းပေးစေလိုကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

လှဝင်း