သနပ်ပင် ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း သိန်ရိုးသဘာဝရေပြင်အတွင်းသို့ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ငါးစားသုံးမှု ဖူလုံစေရေးတို့အတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျိုက်ပဒိုင်လေးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးစိုးမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ မြို့နယ် ငါးမျိုးစိုက်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ငါးစခန်း တာဝန်ခံဒေါ်စန်းစန်းဦးနှင့်ဝန်ထမ်းများ မြို့နယ်ငါးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက နှစ်လက်မအရွယ် ငါးမြစ်ချင်းအကောင်ရေ (၂.၃)သိန်း ငါးခုံးမကြီး အကောင်ရေ(၁.၅)သိန်း၊ စုစုပေါင်း ငါးသားပေါက် အကောင်(၃.၈)သိန်း သိန်ရိုး သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
လှမိုး