မြောက်ဦး ဇူလိုင် ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို အ.ထ.က(ခွဲ)လ (၁) ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ဟောပြောခဲ့ကြောင်း သိရသည်။
ထိုသို့ သဘဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောရာတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်များ ကြုံတွေ့လာရပါက ကျောင်းသူ/ကျောင်းသားများ ဆောင်ရန်၊ ရှောင်ရန်အချက်များဖြစ်သည့် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက်ပြုလုပ်ရန်အချက်များ၊ ရေကြီပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ ရှင်းလင်းဟောပြော ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးလှဝင်း ဦးဆောင်သော အဖွဲ့မှလည်း ကျောင်းသား/ကျောင်းသူများကို ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသက်ကယ်အင်္ကျီ (Life Jacket) များစနစ်တကျဝတ်ဆင် အသုံးပြုတတ်စေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များမှ လက်တွေ့သရုပ်ပြသခြင်းများပြုလုပ်ပြီးနောက် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှလည်း ရှေးဦးသူနာပြုစုခြင်းသည် လူတစ်ယောက် ရုတ်တရက် ထိခိုက်ဒဏ်ရာရသွားခြင်း၊ အစာနင်ခြင်းများ၊ အရေးပေါ်ကျန်းမာရေးပြသနာ တစ်ခုခုကြောင့်ကြုံရလျှင် ဆေးကုသမှုမခံနိုင်ခင်ကာလ အသက်အန္တရာယ်ရှိတတ် အခြေအနေကို ရှေးဦးပြုစုနည်းဖြင့်လက်တွေ့ သရုပ်ဖော်ပြခြင်းများ ပြုလုပ်ပြသလျက် ရှိကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)