သနပ်ပင်မြို့နယ်၌ စားသုံးဆီရောင်းချနေသော ဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်

သနပ်ပင် ဇူလိုင် ၂၂

ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီး၏ လမ်းညွှန်မှုအရ ပဲခူးခရိုင်၊  သနပ်ပင်မြို့နယ် စားသုံးသူ​ရေးရာဦးစီးဌာန​မှ မြို့နယ်ဦးစီးမှူး ဦးသိန်း‌‌ဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ‌ယနေ့ နံနက်ပိုင်းက မြို့မစျေးကြီး အတွင်း/အပြင်ရှိ​စားသုံးဆီရောင်းချနေသော ဆိုင်များအား  ကုန်အညွှန်း အမှတ်အသားနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက် ခဲ့သည်။

အဆိုပါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မြို့မဈေး အတွင်း/အပြင် ‌ရောင်းချနေသော စားသုံးဆီဆိုင် များအား   ၁/၂၀၂၁  ခုနှစ် ကုန်အညွှန်းအမှတိအသားများ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ  စစ်ဆေးခြင်းများပြူလုပ်ခဲ့ပြီး   စားသုံးဆီအပြင် အခြားကုန်စည်များ ရောင်းချရာတွင်  စားသုံးသူရေးရာ ဦးစီးဌာနမှ ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်သားများ နှင့်အညီ ရောင်းချနိုင်စေရန် အသိပညာပေးပြောကြားပြီး  ကုန်စည်အလိုက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားပါသည့်  လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)