လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှု GBV ဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲ မုံရွာမြို့၌ကျင်းပ

မုံရွာ ဇူလိုင် ၂၂

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက်မှု GBV ဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲကို မုံရွာမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း သလ္လာဝတီခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက “ကျား၊ မ ရေးရာ (Gender) နှင့် ကျား၊ မ ရေးရာအခြေပြု အကြမ်းဖက်မှု GBV ဆိုင်ရာများ စပ်လျဉ်း၍ ပရိုဂျက်တာများဖြင့်ပြသကာ အသေးစိတ် အသိပညာပေးရှင်းလင်းပြောကြားပြီး အခမ်းအနားတက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများကို မေးခွန်းများ မေးမြန်း၍ တာဝန်ရှိသူများမှ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူ (၁၃၀) ဦးအား အကြမ်းဖက်မှု အမျိုးအစားများ၊ အကြမ်းဖက်မှုဖြစ်ပွားရသည့် အကြောင်းအရင်း၊ အများဆုံး ဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှုအကျိုးဆက်များအဖြစ် ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်များ၊ စိတ်ပိုင်းဆိုင်ရာအကျိုးဆက်များ၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှု ဖြစ်ပွား ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ကျား၊မအခြေပြုအကြမ်းဖက်မှုများအား လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ဆောင်မှုပေးခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို သိရှိတွေ့ရှိရပါက စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး ဖုန်း ၀၇၁-၂၂၈၇၂ သို့လည်းကောင်း၊ (၂၄)နာရီ Help Line ဖုန်း၀၆၇-၃၄၀၄၂၂၂၊ ၀၆၇-၃၄၀၄၉၉၉ ၊ Viber Helpline-DSW(၀၉-၈၈၉၉၁၁၁၄၄)နှင့် Page Messenger-Helpline-DSW သို့ ဆက်သွယ်တိုင်းကြားနိုင်ကြောင်း စသည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)