လေးမျက်နှာ ဇူလိုင် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ခတ္တူကျေးရွာအုပ်စု ထူပါရုံစေတီ တော်မြတ်ကြီး ဘေး ငဝန်မြစ်သဘာဝရေပြင်အတွင်း ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိူးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ်ငဝန်မြစ်အတွင်း ဇီဝိတဒါနငါးလွှတ်ခြင်း၊ ငါးမျိုးမပြုန်းတီး ရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ငဝန်မြစ်အတွင်းရှိ ရေလုပ်သားများအား ငါးဖမ်းရာတွင် ရှော့တိုက်ဖမ်း ခြင်းများ မပြုလုပ်ရန်နှင့် စည်းကမ်းချက်များ ထုတ်ပြန်ကာ အရေးယူဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်း ငါးခုံးမကြီးအကောင်ရေတစ်သိန်းခွဲ၊ ငါးမြစ်ချင်းအကောင်ရေ တစ်သိန်းခွဲ စုစုပေါင်း ငါးကောင်ရေသုံးသိန်းအား ငဝန်မြစ်အတွင်းသို့ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ ဟင်္သာတ ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးပိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်လဲ့လဲ့အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကာ စုပေါင်းငါးလွှတ်ခဲ့ ကြကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)