ပေါက်ခေါင်း ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ ပြည်-ပေါက်ခေါင်း-တောင်ငူ လမ်းဆုံနေရာ၌ ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးကွဲ BA.4, BA.5 ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ဌာနများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ခရီးသွားလာပြည်သူများအား ယခုဖြစ်ပေါ်နေသည့် အိုမီခရွန်မျိုးကွဲ BA.4, BA.5 တွေ့ရှိမှုနှင့်ပက်သက်၍ အသိပေးပြောကြားခြင်း၊ အပြင်သို့သွားလာရာနှင့် လူထူထပ်သောနေရာများသို့သွားလာရပါက နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာကြပါရန် ပြောကြားပြီး၊ Mask Campaign အဖြစ် ခရီးသွားလာ ပြည်သူများအား Mask ပါးစပ်နှာခေါင်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)