ပြည် ဇူလိုင် ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ဆီကုန်သည်ကြီးများအသင်းနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းများ သက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် သက်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားအုံဆီများအား ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာရုံးများသို့ ယနေ့နံနက် ၉ နာရီအချိန်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် စားအုံးဆီ ၁ပိဿာဘူးတစ်ဘူးလျှင် ဘူးအပါအဝင် သက်မှတ်ရည်ညွှန်းဈေး ငွေကျပ်(၅၂၀၀)နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရပြီး ပြည်မြို့နယ်တွင် အလားတူသက်သာသော သက်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အဆိုပါ ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများထံအရောက် ဈေးကားများဖြင့် သက်မှတ်ရက်နေ့ရက်အလိုက် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကိုစိုး