အုတ်ဖို ဇူလိုင် ၂၂
ကလေးသူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားသုံးဘီးမော်တော်ယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်နှင့် စာငှားဝန်ဆောင်မှုလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အုတ်ဖိုမြို့နယ်၊ ကုလားကိုင်းကျေးရွာ၊ အခြေခံပညာကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်မြင့်မြင့်မိုးက ကျောင်သား၊ ကျောင်းသူများနှင့်အတူ ကိုယ်ကာယလေ့ကျင့်ခန်းများဆောင်ရွက်ပေးခြင်း၊ ပုံပြောခြင်း၊ စက္ကူပြဇာတ်ပြသပေးခြင်း၊ ဘုတ်ပြားပြဇာတ်ပြသခြင်း လုပ်ငန်းများကိုဆောင်ရွက်သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေများဖတ်ရှုစေပြီး တစ်လတာအတွင်း ဖတ်ရှုနိုင်ရန် စာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အောင်သူ