မင်းလှမြို့နယ်၌ ၂၀၂၂၂၀၂၃ခုနှစ်တွင် နေကြာ(မိုး)သီးနှံသီးသန့်၊ သီးညှပ်စိုက်ပျိုးဖြစ်ထွန်းနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်း ကြည့်ရှု စစ်ဆေး

အထက်မင်းလှ ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌၂၀၂၂-၂၀၂၃ခုနှစ်တွင် နေကြာ(မိုး)သီးနှံ သီးသန့်၊ သီးညှပ်စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ယမန်နေ့ညနေပိုင်းက နေကြာစိုက်ခင်းများတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်၂၀၂၂-၂၀၂၃ခုနှစ်တွင် နေကြာ(မိုး/ဆောင်း) ဆီထွက်သီးနှံ စိုက်ပျိုးရာ၌ လျာထားဧကများတွင် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မိုးနေကြာ စိုက်ပျိုးရန်ပါဝင်သည့် ကျေးရွာများ၌ မိုးနေကြာပင်များ စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။

မင်းလှမြို့နယ်၌ ကျေးရွာအုပ်စု ၆၃ အုပ်စုရှိရာ မိုးနေကြာ ၂၅၁၂ ဧက ၊ ဆောင်းနေကြာ ၆၀၀၂ ဧက စုစုပေါင်း ၈၅၁၄ ဧကတွင် နေကြာစိုက်ပျိုးရန် လျာထားပြီး မိုးနေကြာစိုက်ပျိုးရန်၂၅၁၂ ဧကမှ သီးညှပ်ဧက ၁၄၆၇ တစ်ဧကလျှင် နေကြာမျိုး (၁) တောင်သူများထံ ထောက်ပံ့ပေးထားကြောင်း ၊ မင်းလှမြို့နယ်တွင် မိုးနေကြာစိုက်ပျိုးပြီးစီးမှုမှာ     သီးသန့်(၂၁) ဧက၊ သီးညှပ် (၁၆၇၆) ဧက စုစုပေါင်း (၁၆၉၇) ဧကစိုက်ပျိုးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)