နတ်မောက်မြို့နယ်တွင် တိုင်ထောင်ပဲများ စိုက်ပျိုးမှု အောင်မြင် ဖြစ်ထွန်း

နတ်မောက် ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ကျေးရွာများရှိ တောင်သူများအနေဖြင့် ထိုင်ဝမ်ပဲတိုင်ထောင် (ခေါ်) တိုင်ထောင်ပဲများကို စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။             

“တိုင်ထောင်ပဲများကို ထိုင်ဝမ်မျိုးစေ့ မျိုးရင်းများကိုသာ စိုက်ပျိုးလျက်ရှိပြီး မျှားနီတံဆိပ် ထိုင်ဝမ် တိုင်ထောင်ပဲမျိုးစေ့များကို ရွေးချယ်စိုက်ပျိုးရကြောင်း၊ မြေကိုစနစ်တကျပြုပြင်ပြီး ဘောင်တင်ကာ အတန်းလိုက် အကွက်လိုက် စိုက်ပျိုးရကြောင်း”န/လက်ခုပ်ပင်ကျေးရွာ တောင်သူဦးအောင်ငွေသိန်းက ပြောသည်။ “တိုင်ထောင်ပဲ-ကျွန်မတို့အခေါ်တော့ ပဲတိုင်ထောင်ပေါ့၊ မြေကို စနစ်တကျပြုပြင်၍ နွားချေးနဲ့ သစ်ရွက်ဆွေးမြေဩဇာထည့်ပြီး မြေကို ကျေညက်အောင် ထွန်ရတယ်၊ အဲဒီလိုမြေပြင်ပြီးရင် အတန်းလိုက် ဘောင်တင်ပြီး ထိုင်ဝမ်တိုင်ထောင်ပဲ မျိုးစေ့ကို တစ်ထောင့်ထွာအကွာအဝေးထားပြီး စိုက်ရတယ်၊ အပင်ဖြစ်ထွန်းပြီး ၁၅ ရက်သား အရွယ်ရောက်ရင် တိုင်တွေ ထောင်ပေးရတယ်၊ အပင်သက်တမ်း ၄၅ ရက်မှာ အဖူးအပွင့် လိုက်လာပြီး ရက်ပေါင်း ၆၀ ကျော်ရင်တော့ ဈေးကွက်ကို တင်ပို့လို့ရပြီ” ဟု န/လက်ခုပ်ပင်ရွာမှ မစန်းရွှေက ပြောသည်။

တိုင်ထောင်ပဲသီး လှိုင်လှိုင်ပေါ်ချိန်မှာ အပင်သက်တမ်းရက်ပေါင်း (၇၀)အတွင်း  ထိုင်ဝမ်တိုင်ထောင်ပဲ မျိုးစေ့တစ်ဘူး စိုက်ပျိုးထားသည့် စိုက်ခင်းမှ တစ်ကြိမ်ခူးဆွတ်လျှင် တိုင်ထောင်ပဲသီး (၈)ပိသာခန့်ရရှိကြောင်း (၂)ရက်လျှင် တစ်ကြိမ်ကျ ခူးဆွတ်ရပြီး (၂)လနီးပါးခန့် တိုင်ထောင်ပဲများ ဆွတ်ခူးရောင်းချနိုင်ကြောင်း တိုင်ထောင်ပဲသီးတစ်ပိသာကို ကျပ် ၁၂၀ဝိ/- ၊ ၁၄၀ဝိ/-နှုန်း လက်ကားဈေးရှိနေပြီး စားသုံးသူများက ပြည်တွင်းပဲတိုင်ထောင်ထက် ယခုထိုင်ဝမ်တိုင်ထောင်ပဲများကို ပိုမိုနှစ်သက်ကြကြောင်း သိရသည်။

မူမူစန်း(နတ်မောက်)