ဒေးဒရဲမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ဒေးဒရဲ ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က မြန်မာနိုင်ငံ တွင် ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရာယ်များနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို တွေ့ဆုံ မေးမြန်းရာ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးက သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အချိန်နေရာမရွေး ဖြစ်ပေါ်လာနိုင်သည့် ရေကြီးခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့်မျှော်မှန်းမရနိုင်သည့် သဘာဝဘေးအန္တရာယ် များအကြောင်းနှင့် အဆိုပါ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးမှု နည်းပါးစေရေး ဆောင်ရွက် ထားရှိရမည့် အချက်များနှင့်  ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက စံသတ်မှတ်ချက်များနှင့် အညီ စုဖွဲ့ဆောင်ရွက် ထားရှိမှုများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ Talk Show အစီအစဉ် အပြည့်အစုံကို ဒေးဒရဲမြို့နယ် ပြည်သူ့စာကြည့်တိုက် Page နှင့် we love dedaye page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အေဇာလင်း