နတ်တလင်းမြို့မ‌ဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်၍ Mask Campaign ဆောင်ရွက်

နတ်တလင်း ဇူလိုင် ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊မြို့မစည်သာယာရေး ဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးရိုး ဗီဇပြောင်းရောဂါပိုး ဘီအေ-၄ နှင့်ဘီအေ-၅ တွေ့ရှိမှုများနှင့် ပတ်သတ်၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံကြရန်၊ လက်ကိုစင်ကြယ်စွာဆေးကြောရန်၊ နှာခေါင်းစည်းတပ်ဆင်ရန်တို့ကို Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်ခဲ့သည်။

ထို့နောက် Mask Campaign ဆောင်ရွက်မှုအဖြစ် ဈေးရောင်းချသူများကို (Mask) နှာခေါင်းစည်းများ ဝေငှ၍ တပ်ဆင်စေခြင်း၊ ဈေးဝယ်သူများအား(Mask) နှာခေါင်းစည်း ဝေငှပေးခြင်းနှင့် မြို့မဈေးကြီးရှေ့၌ လမ်းသွားလမ်းလာများကို (Mask)နှာခေါင်းစည်း ဖြန့်ဝေ ပေးခြင်းတို့ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ဝေယံဖြိုး