ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား မြေပြင် ကွင်းဆင်းစစ်ဆေး

မောင်တော  ဇူလိုင်  ၂၂

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စက်သုံးဆီဆိုင်များအား ယမန်နေ့ နံနက် ၁၀ နာရီ အချိန်   မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး အောင်နိုင်ဖြိုး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ၊ မဖြစ်ပွားစေရန်နှင့် စက်သုံးဆီ သိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိမရှိ ၊ မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများ ထားရှိအသုံးပြုတတ်စေရေး၊ စက်သုံးဆီဆိုင်များတွင် ပြည်သူများသိရှိစေရေးအတွက် မီးဘေးလုံခြုံရေး ပညာပေးဆိုင်းဘုတ်များ ထားရှိစေရေးတို့ကို အကြုံပြုကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)