သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူစာဖတ်ပရိတ်သတ်များဖြင့် စာဖတ်ဝိုင်းကျင်းပ

သဲကုန်း ဇူလိုင် ၂၂

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန   (Community Centre) ခန်းမ၌ မြို့နယ် ပြန်/ဆက် ဝန်ထမ်းများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ပရိတ်သတ်တို့ ပူးပေါင်း၍ စာရေးသူရနံ့သိုက် ရေးသားသော  “သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါ” (လူငယ်တို့အတွက် စိတ်ဓာတ်ခွန်အားဖြည့်စာစုများ)   စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်တစ်နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက  စာဖတ်ဝိုင်းကို စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကို ချစ်မြတ်နိုးသူများ အချင်းချင်းချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့်  လူငယ်များနှင့်ပြည်သူများ အသိအမြင်ဗဟုသုတများ ဖလှယ်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းရရှိစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးသူ ရနံ့သိုက် ရေးသားသော  “သင့်အနာဂတ်ကိုသင်ကိုယ်တိုင်ဖန်တီးယူပါ” (လူငယ်တို့အတွက် စိတ်ဓာတ်ခွန်အားဖြည့်စာစုများ)   စာအုပ်ဖြင့် ရေးသားသော “ကို စာအုပ်စာစောင် ချစ်မြတ်နိုးသူစာဖတ်ပရိတ်သတ်များ ဦးတင်ထွန်းဇော်မှ သင့်ဘဝက သင့်အလုပ်ပါ၊  ဦးသန်းထွန်းမှမှ” “စိတ်၏စေရာ၊မအေးပြည့်မွန်မှ” အနာဂတ်ဟာ အခွင့်အရေး “ဒေါ်ခင်မိုးထွေးမှ ကြောက်ရွံ့စိတ်ကို လက်မခံသင့်”  စသည့်ဆောင်းပါးများကို အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်