ဒိုက်ဦး ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Zoom Meeting ဖြင့် ကျင်းပပြုလုပ်သည်။
အဆိုပါအစည်းအဝေးသို့ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ)လုပ်ငန်း ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်ဌာနများဖြစ်သော ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်း၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးဇော်သိန်းနိုင် နှင့်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ထွန်းတို့ တက်ရောက်ကြကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)