ပခုက္ကူမြို့ မြန်မာ့စီးပွား​ရေးဘဏ်ခွဲ၌ အငြိမ်းစားပင်စင်လစာ​ငွေများ ဆက်လက်ထုတ်ပေး

ပခုက္ကူ ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြန်မာ့စီးပွား​ရေးဘဏ်ခွဲ၌ အငြိမ်းစားပင်စင်စားဝန်ထမ်းများ၏လစာ​ငွေများကို လစဉ်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီမှစတင်ပြီး ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်​ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီဖြစ်စေရေး စနစ်တကျတန်းစီစေခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များတပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ပင်စင်လစာထုတ်ယူမည့် အငြိမ်းစားဝန်ထမ်းတို့၏ စာရင်းများ စနစ်တကျရေးသွင်း ပေးခြင်းလုပ်ငန်းများကို ဘဏ်ဝန်ထမ်းများက ဆောင်ရွက်​ပေးကြပြီး ပင်စင်လစာ​ငွေများကို အသုတ်လိုက်ခွဲ၍ ​ ထုတ်​ပေးလျက်ရှိကြောင်း၊ ပခုက္ကူမြို့၊ မြန်မာ့ စီးပွားရေးဘဏ်ခွဲ တွင် မြို့ပြပင်စင်(၂၈၉၀)ဦး၊ နိုင်ငံရေးပင်စင်(၂၀၀)ဦး၊ ကာကွယ်ရေးပင်စင်(၁၄၉၆)ဦး၊ (သက်ပြည့်၊ လုပ်သက်၊ နာမကျန်း၊ မိသားစု၊ လျော်ကြေး) စသည့် မြန်မာ့စီးပွားရေးပင်စင် (၃၁) ဦး၊ စုစုပေါင်း အငြိမ်းစားပင်စင်စား ဝန်ထမ်းဦးရေ (၄၆၁၇) ဦးရှိပြီး E.Pension Card ဖြင့် (၄၃၃၉) ဦး၊ ငွေစုဘဏ်စာရင်းဖြင့် (၉)ဦး၊ ပင်စင်စာအုပ်ဖြင့်(၂၆၉)ဦးတို့ဖြင့် အသီးသီးရှိကြောင်း၊ အငြိမ်းစား ပင်စင်စားဝန်ထမ်းများကို လစဉ် ၂၁ ရက်​​နေ့မှစတင်ပြီး နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထုတ်​ပေးလျက်ရှိရာ ယနေ့တွင် (၈၅၀) ဦးတို့အတွက် ပင်စင်လစာငွေကျပ်(၉၅၁၄၅) ထုတ်ပေးခဲ့ပြီး​​ဖြစ်ကြောင်း မြန်မာ့စီးပွား​ရေးဘဏ်ခွဲမန်​နေဂျာက ပြောသည်။

ဘာမီသာ(ပခုက္ကူ)