၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိုးရာသီ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဟုမ္မလင်း ဇူလိုင် ၂၁

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ဟုမ္မလင်း​မြို့၊ အခြေခံပညာ အထက်တန်းကျောင်း (၂) ဘောလုံးကွင်း၌ ကျင်းပခဲ့‌သည်။

အဆိုပါပြိုင်ပွဲ အခြေခံပညာအထက်တန်းကျောင်းမှ အငယ်တန်းဖူဆယ်(ကျား)၊ အကြီးတန်း ကျား၊ မ ကျောင်းသား၊ ကျောင်းသူများ ဖူဆယ်ဘောလုံးအသင်း စုစုပေါင်း (၁၅) သင်းတို့က ဇူလိုင်လ(၁၄)ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြရာ နောက်ဆုံး ဗိုလ်လုပွဲကို‌ ဇူလိုင် (၂၁)ရက် ထိအသင်း ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ အငယ်တန်း(ကျား)ဖူဆယ်၊ ပထမဆု အနော်ထားအသင်း၊ ဒုတိယဆု အလောင်းဘုရား၊ တတိယ ဘုရင့်နောင်အသင်း၊ အမျိုးသမီး ဖူဆယ်အသင်းမှပထမ ဗန္ဓုလအသင်း၊ ဒုတိယဆု ကျန်းစစ်သားအသင်း၊ တတိယဆုကို ဘုရင့်နောင်အသင်းကလည်းကောင်း၊ အကြီးတန်း (ကျား)မှ ပထမဆု ကျန်းစစ်သားအသင်း၊ ဒုတိယဆု ဗန္ဓုလ၊ တတိယဆု ဘုရင့်နောင် စသည့်ဆုရရှိသော အသင်းသားများကို အထက(၂) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ဆုတံဆိပ်များအား အသီးသီးပေးအပ်ချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လင်းလင်း