မင်းလှမြို့တွင် ကိုဗစ်-၁၉ ရောဂါအိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ-၄နှင့် ဘီအေ-၅ ကာကွယ်ရေးအသိပညာပေးနှိုးဆော်

မင်းလှ ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီ၏စီစဉ်မှုဖြင့် ကိုဗစ်- ၁၉ ရောဂါအိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ-၄နှင့်ဘီအေ-၅ ကာကွယ်ရေးအသိပညာပေးနှိုးဆော်‌ပေးခြင်းကို ယမန်နေ့ညနေ ၄ နာရီချိန်က လူအသွားလာများသောနေရာများနှင့် ရပ်ကွက်လမ်းများအတွင်း အသံချဲ့စက်ဖြင့် လည့်လှည်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းကို မြို့နယ်သံန္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ “ကိုဗစ်-၁၉ ရောဂါအိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ-၄နှင့်ဘီအေ-၅ တွေ့ရှိသူများသည် ပြည်ပပြန်မြန်မာနိုင်ငံသားများဖြစ်ပြီး သီးခြားကုသပေးခဲ့ရာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း၊ နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံသူများတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့် သေဆုံးမှုလျော့နည်းကြောင်း၊ ပြည်သူများအနေဖြင့် အကြိမ်ပြည့်ဆက်သွယ်ထိုးနှံကြရန်၊ လက်ကိုစင်ကြယ်စွာဆေးကြောပါ၊ နှာခေါင်းစည်းတပ်ဆင်ပါ၊ လူစုလူဝေးရှောင်ရှားပါ” ဟု တိုက်တွန်းချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်‌ပေးခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)