မင်းတပ် စက်တင်ဘာ ၁၀
မင်းတပ်မြို့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရေး၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့ဝင်/မြို့ထွက် ဂိတ်များ၊ လမ်းဆုံလမ်းခွနေရာများတွင် အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် စံပြရပ်ကွက် စုပေါင်းရုံးလမ်းဆုံနေရာတွင် နှာခေါင်းစည်းမတပ်ဘဲ သွားလာသူများ၊ ဆိုင်ကယ်ဦးထုပ်နှင့် နံပါတ်ပြား မတပ်ဆင်သည့် ယာဉ်မောင်းများကို ဖမ်းဆီးလျက်ရှိ ကြောင်း သိရသည်။
ပြည်တွင်း၌ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ပိုမိုများပြားလာရာ ကြိုတင်ကာကွယ်သည့် အနေဖြင့် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ အခြားမြို့များမှ တရားမဝင် ဝင်ရောက် လာခြင်းမရှိအောင်၊ ပြည်သူများ မလိုအပ်ဘဲ အပြင်မသွားကြရန်၊ မဖြစ်မနေသွားလာ ရာတွင်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ နှာခေါင်းစည်းများတပ်ဆင်ရန်၊ နံပါတ်ပြား တပ်ဆင်ကြရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမောင်းနှင်ကြရန် ပညာပေးကာလအနေဖြင့် ကြိုတင်အသိပေးနှိုးဆော်ထားပြီးဖြစ်ကြောင်း၊ ယခုအချိန်သည် ဖမ်းဆီးအရေးယူသည့်ကာလဖြစ်ကြောင်း သိရသည်။
ခွီရှိန်းမောင်း(ပြန်/ဆက်)