အင်္ဂပူမြို့နယ်တွင် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့

အင်္ဂပူ ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယမန်‌နေ့ နေ့လယ်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ် ဦးစီးမှူးရုံးမှ ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ခဲ့ ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်ဥမ္မာချမ်းမြေ့တို့က အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများပေးအပ်ရာ ကမ်းပြိုပြောင်း‌ရွှေ့မိသားစုများက လက်ခံရယူခဲ့သည်။ ကညင်ရိုးကျေးရွာမှ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်(၁)လုံးနှင့် အိမ်ထောင်စု(၁) စုရှိ လူဦးရေ(၄)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ)ကျပ်နှင့် ဆန်ရိက္ခာဖိုး (၈၄၀ဝ)ကျပ်
စုစုပေါင်း ထောက်ပံ့ရန်ပုံငွေကျပ် 
(၁၀၈၄၀ဝ)နှင့် Surgical Mask များကိုလည်းကောင်း၊ ကံဘက် ကျေးရွာအုပ်စု၊ လေးအိမ်တန်းရှမ်းစုကျေးရွာမှ ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော လူနေအိမ်(၂)လုံးနှင့် အိမ်ထောင်စု(၂)စုရှိ လူဦးရေ (၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝ) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၁၀၅၀ဝ)ကျပ် စုစုပေါင်း ထောက်ပံ့ရန်ပုံငွေကျပ် (၂၁၀၅၀ဝ) နှင့် Surgical Mask များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)