ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးနေ

ဘိုကလေး ဇူလိုင် ၂၀

မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါနှင့် ၎င်း၏မျိုးစိတ် အသစ်များအား ကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့လယ်ကျက်သရေဆောင် အောင်တော်မူဘုရားတန်ဆောင်း တော်ကြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း ကာ ယနေ့ နံနက်(၉)နာရီမှ စတင်၍ ကိုဗစ်-၁၉ ကာကွယ်ဆေး (၂)ကြိမ် ထိုးပြီးသူများအား ထပ်ဆောင်း ကာကွယ်ဆေးနှင့် လုံးဝမထိုးနှံရ သေးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေး လျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအား ယနေ့ ဇူလိုင်(၂၀)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၂)ရက်တာ နံနက်(၉)နာရီမှ နေ့လယ်(၂)နာရီအထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊  ပြီးခဲ့သည် ရက်ပိုင်း ဇူလိုင်(၁၆)ရက်နေ့ တွင်လည်း အောင်တော်မူဘုရားတန်ဆောင်းတော်ကြီးတွင် အလားတူ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းအား ဆောင်ရွက်ခဲ့ပြီး ရဟန်း၊ ရှင်၊လူ မိဘပြည်သူများမှလည်း လာရောက်ဆေးထိုးနှံမှု ခံယူကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)