ကျောင်းကုန်း ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အသိပညာပေး Talk Show ကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ရီရီလွင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း၊ အာဇာနည်(၉)ဦး၏ ထေရုပတ္တိအကျဉ်း၊ အာဇာနည်စိတ်ဓာတ်တို့ကို စာကြည့်တိုက်လက်ထောက်(၃) ဦးကျော်ဇင်ထွန်းနှင့် အမေးအဖြေ ပြုလုပ်ကာ အသိပညာပေး Talk Showပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)