ဟင်္သာတ ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမူ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ခရိုင်ကိုယ်စားပြု၍ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင် နိုင်ရေးအတွက် ဟင်္သာတမြို့ရှိ မြို့တော်ခန်းမအတွင် ယနေ့ နံနက် ၉ နာရီအချိန်က စတင်ကာ အစမ်းဇာတ် တိုက်လေ့ကျင့်မှုများကို ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲဝင်ရန် လေ့ကျင့်နေမူများကို သဘင်၊ ဂီတ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းသား၊ အသင်းသူများက စုပေါင်းကာ ဟင်္သာတ မင်းသန်းဝင်း ဇာတ်ညွှန်း စီစဉ် ရေးသားသော ငါးပါးဒအက္ခရာ ရုပ်စုံ ဇာတ်တော်ကြီးကို ခရိုင်အဆင့် ကိုယ်စားပြု၍ တိုင်းအဆင့်နှင့် ဗဟိုအဆင့်တို့တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး စုပေါင်းလေ့ကျင့်နေကြောင်း ဟင်္သာတမြို့နယ်အနေနှင့် အခြေခံပညာ၊ အဆင့်မြင့်ပညာ နှင့် ဝါသနာရှင်၊ ပညာရှင်အဆင့် ပြိုင်ပွဲဝင်များကို ဟင်္သာတခရိုင် ကိုယ်စားပြု၊ တိုင်းကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်နိုင်ရေး ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲဝင်များကို တစ်လတာ သက်ဆိုင်ရာ ပြိုင်ပွဲများအလိုက် နည်းပြ ဆရာများ၏ ကြီးကြပ်လမ်းညွှန်မှုတို့ဖြင့် စခန်းသွင်း လေ့ကျင့်ပေးခဲ့ကြောင်း မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင် ထံမှ သိရသည်။ ယနေ့တွင်လည်း ခရိုင်ကိုယ်စားပြု ရုပ်စုံ ဇာတ်တော်ကြီး ပါဝင်ယှဉ်ပြိုင်နိုင် ရေး စတင်ကာ ဇာတ်တိုက်လေ့ကျင့်နေပြီဖြစ်ကြောင်း သိရသည်။
ကိုဇော် - ဟင်္သာတ