ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့မစျေးအတွင်း စားသုံးဆီရောင်းချနေသော ဆိုင်များ လိုက်လံစစ်ဆေး

ဒိုက်ဦး ဇူလိုင် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူ​ရေးရာဦးစီးဌာန​မှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက ဒိုက်ဦး မြို့အဝင်လမ်းကုန်မျိုးစုံဆိုင်များရှိ​စားသုံးဆီရောင်းချနေသော ဆိုင်များသို့ ကွင်းဆင်း၍ ရောင်းချနေသော ဆီများတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စည်ပင်သာယာရေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

မြို့နယ်(ပြန်/ဆက်)