(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှစ့် စာအုပ်ပြပွဲကျင်းပ

ကျောင်းကုန်း ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးအကြောင်းနှင့် ယခုခေတ်လူငယ်များ ထားရှိရမည့် အာဇာနည် စိတ်ဓာတ်အကြောင်းတို့ကို ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အာဇာနည်နေ့ အထိမ်းအမှတ် ပြသထားသည့် နံရံကပ်စာစောင်အား ကျောင်းသား/သူများ ကြည့်ရှုလေ့လာခဲ့ကြပြီး၊ ရုံးစာကြည့်တိုက်ခန်းမတွင် စာအုပ်ပြပွဲအဖြစ် ဇူလိုင်လတွင် အသစ်ရောက်ရှိလာသော စာအုပ်အသစ်များအား ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)