နတ်မောက် ဇူလိုင် ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူဦးသန့်စင်က အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းအကျဉ်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင်ကြိုးပမ်းကြပုံများအား ဗဟုသုတရစေရန် ရည်ရွယ်ချက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများက မိမိတို့ယှဉ်ပြိုင်ခဲ့သည့် ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် အထက်တန်း၊ အလယ်တန်းအဆင့် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း