လွိုင်လင် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် ထင်ရှူးမှိုရှာဖွေ၍ ရောင်းချသူများမှာ အပိုဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
လွိုင်လင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၄၄၇ တွင်တည်ရှိပြီး တောင်ပေါ် ဒေသမြို့ဖြစ်ရာ ထင်းရှူးပင်အများအပြားရှိကာ ယခုလိုမိုးရာသီကာလများတွင် ထင်းရှူးမှို (ဒေသခေါ်ဂျီမှို)များစွာ ပေါက်ရောက်ကြသည်။ ထင်းရှူးမှိုသည် အနည်းငယ်ဖန်သော်လည်း အင်မတန်ဆိမ့်သည့် မှိုအမျိုးအစားဖြစ်ရာ ဒေသခံများက ကြိုက်နှစ်သက်ကြသည်။ ထင်းရှူးမှို ရှာဖွေ၍ ရောင်းချသူတစ်ဦးက ယခုလိုချိန် မိုးရွာလိုက်နေပူလိုက်အချိန်မှာ ထင်းရှူးမှိုအများ အပြား ထွက်ရှိကြောင်း၊ နေ့စဉ်မှိုရှာ၍ရောင်းချပါက တစ်နေ့လျှင် သုံးလေးသောင်းရရှိကြောင်း ၊ နံနက်(၅)နာရီခန့်တွင် မိသားစုများမှိုရှာထွက်ရာ နံနက်(၁၀) နာရီခန့်တွင် နေအိမ်သို့ ပြန်ရောက်ပြီး ထုတ်ပိုးငန့်စင်ကာ မွန်းလွဲပိုင်းတွင် မြို့မဈေးကြီးရှေ့ ညဈေးတန်းတွင် ရောင်းချ ကြောင်း၊ တစ်ပိဿာကို ၆၀၀ဝိ/-ကျပ်မှ ၈၀၀ဝိ/- ကျပ်အထိရောင်းချကြရကြောင်းဖြင့် နေ့စဉ်မိသားစုအပိုဝင်ငွေများရရှိပြီး စားဝတ်နေရေးအဆင်လျက်ရှိကြောင်း ပြောကြားသည်။
လွိုင်လင်မိုး