လွယ်ဂျယ်မြို့ဈေးအတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် Mask များ တပ်ဆင်ခြင်း ရှိ/မရှိနှင့် အပူချိန်တိုင်းခြင်းများ ဆောင်ရွက်

လွယ်ဂျယ်    စက်တင်ဘာ     ၁၀       

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လွယ်ဂျယ်မြို့ ဈေး၌ စည်ပင်ဝန်ထမ်းများက ဈေးရောင်းချသူနှင့် ဈေးဝယ်သူများ Mask တပ်ဆင်ခြင်းရှိ/မရှိ နှင့် အပူချိန်တိုင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးသူ/ဈေးသားများနှင့် ဈေးဝယ်လာရောက် သူများအနေဖြင့် Mask များတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးပြီး အပူချိန်တိုင်းခြင်းကို ဆောင်ရွက်ပြီး စည်ပင်ဝန်ထမ်းများနှင့် တာဝန်ရှိသူများက လွယ်ဂျယ်မြို့ဈေးသည် လူအများစုဝေးရာ လူစည်ကားရာ နေရာ ဖြစ်သည့်အတွက် လူတစ်ဦးချင်း တစ်ယောက်ချင်းစီမှ ကျန်းမာရေးအသိစိတ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း အသိပညာပေး ပြောကြားခဲ့ပြီး စည်ပင်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဈေးအတွင်း၌ ကျန်းမာရေး အသိပညာပေးခြင်းနှင့် ရှောင်တခင်စစ်ဆေးခြင်း လုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင် (ပြန်ဆက်)