တီးတိန်၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ် GAP/GAHP သင်တန်းဖွင့်လှစ်

တီးတိန်    စက်တင်ဘာ    ၁၀

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဆွောင်းပီးကျေးရွာ  Alinn Education Center ၌ မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက် ရေးဦးဌာန၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)Good Agricurture Practices၊ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ်(GAHP)Good Animal Husbandry Practices  သင်တန်းကို ယမန်နေ့ တွင်ဖွင့်လှစ်ကြောင်းသိရသည်။

ရှေးဦးစွာ တီးတိန်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝုန့်ပြန်းထန်က သင်တန်းဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်များ ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးဌာနမှ လက်ထောက်ဦးစီးမှူး ဦးထဲအိုလိုကျင့်တွောင်မှ ပဲပုပ်သီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ဆောင်ရွက်နေသည့်သီးနှံများ၊ သဘာဝမြေသြဇာ ပြုလုပ်နည်းများ၊ မိရိုးဖလာ ဝက်မွေးမြူရေးအတွက် ကောင်းမွန်သောမွေးမြူရေး ကျင့်စဉ်များကို ပို့ချဆွေးနွေးခဲ့သည်။   

အဆိုပါ သင်တန်းတွင် ဒေသခံတောင်သူ ၂၃ ဦး တက်ရောက်ကြပြီး မိမိတို့သိရှိလိုသော စိုက်ပျိုးမွေးမြူရေးဆိုင်ရာများ မေးမြန်းဆွေးနွေးခဲ့  ကြောင်း အလားတူ ဂေါင်မွာလ်ကျေးရွာနှင့် ဖိုင်လင်ကျေးရွာများတွင်လည်း GAP/GAHP သင်တန်းဖွင့်လှစ် ခဲ့ပြီးဖြစ်ကြောင်း တီးတိန်မြိုနယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)