ဇလွန် စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မစျေးသစ်တွင်ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ဈေးရောင်းဝယ်ကြသူများတွင် Mask တပ်ဆင်မှုရှိစေရေးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက နေ့စဉ်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်ကြသူများတွင် Mask တပ်ဆင် ရောင်းဝယ်မှု ရှိ /မရှိ တို့ကိုနေ့စဉ် စစ်ဆေးလျက်ရှိပြီး နှာခေါင်းစည်း (Mask) တပ်ဆင်မှုမရှိပါက ဒါဏ်တပ်ရိုက်ခြင်းနှင့် ညနေပိုင်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် သားငါးတန်းတွင် ဆပ်ပြာရည်ဖြင့် ရေဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံ (ဇလွန်)