ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ဘောလုံးအားကစား အဖွဲ့များအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဇူလိုင် ၁၆

“မြန်မာ့အားကစားကမ္ဘာကို လွမ်းရမည်” ဟူသောဆောင်ပုဒ်နှင့်အညီ စွမ်းရည်မြင့်မားသော အားကစားလူငယ်လေးများကို ပိုမိုတိုးပွားလာစေရန်အတွက် နိုင်ငံတော်မှ အားကားစားပြိုင်ပွဲ များကို စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၃)နာရီ အချိန်တွင် သုဝဏ္ဏဘောလုံးကွင်း၌ ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ဘောလုံးအားကစား အဖွဲ့များအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်၊ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ တိုင်းဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းရင်းသားနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး ရန်ကုန်တိုင်း ဘောလုံး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးနေဝင်းထွန်းတို့ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ဘောလုံးအားကစား အဖွဲ့များအား အောင်နိုင်ရေးအလံ ပေးအပ်ကာ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ညနေ ၅:၂၅ အချိန်တွင် မြန်မာ U-16 လက်ရွေးစဉ် အသင်းနှင့် ရန်ကုန် U-19 အသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲအား ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)