နတ်မောက်မြို့ ရေလှောင်တမံမှ မိုးစပါး လျာထားဧက (၂၀၀၀၀)ဧက အတွက် ပျိုးထောင်ရေများ စတင်ပေးဝေ 

နတ်မောက် ဇူလိုင်  ၁၆

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ နတ်မောက်ရေလှောင်တမံဧရိယာများ၌ မိုးစပါးစိုက်ပျိုးရန် လျာထားဧက(၅၅၀)ဧကအတွက် စတင်ပျိုးထောင် စိုက်ပျိုးနိုင်ရန်  ယမန်နေ့ကစတင်၍ ရေပေးဝေလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး  ဦးစီးဌာန ဦးစီးမှူးဦးထိန်လင်းထံမှ သိရသည်။

၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးများစိုက်ပျိုးရာသီတွင် နတ်မောက်ရေလှောင်တမံဆည်ရေသောက် ဧရိယာ အတွင်း  နတ်မောက်မြို့နယ်အပိုင်း တိုက်ရိုက်သောက်စနစ်ဖြင့် အုပ်စု(၆)အုပ်စု ကွင်းပေါင်း(၇)ကွင်းအတွက် လျားထားဧက(၂၁၈)ဧကလျာ လက်ဝဲမြောင်းမကြီးရှိ ကျေးရွာအုပ်စု(၁)အုပ်စု၊ ကွင်းပေါင်း (၃)ကွင်းအတွက် လျာထားဧက (၁၁၅)၊ လက်ယာမြောင်းမကြီးတစ်လျှောက်ရှိ ကျေးရွာအုပ်စု(၁) အုပ်စု ကွင်းပေါင်း(၄)ကွင်းအတွက် လျာထားဧကစုစုပေါင်း (၂၁၇)ဧက၊ စုစုပေါင်း(၅၅၀)ဧက လျာထားကြောင်း သိရသည်။

အဆိုပါ နတ်မောက်ရေလှောင်တမံ၏ ကန်ရေပြည့်ရေသိုလှောင်ပမာဏမှာ ဧကပေ(၁၀၁၀၀၀) ဖြစ်ပြီး ယနေ့လက်ရှိ ရေသိုလှောင်ပမာဏမှာ ( ၅၂၆၅၈)၊ ရေအမှတ် (၆၆၈.၅)ရှိသည့်အတွက် ဆည်ရေပေးဝေနိုင်ရန် ဧရိယာမှာ မိုးစပါး(၂၀၀၀၀)ဧက စိုက်ပျိုးရန်လျာထားကြောင်း၊ နတ်မောက် ရေလှောင်တမံမှ နွေစပါးများအတွက် အောင်ရေပေးဝေရင်း မိုးစပါးများ ပျိုးထောင်ရန်အတွက်ပါ ထပ်ဆောင်း၍ ဆည်ရေပေးဝေလျက်ရှိကြောင်းနှင့်  နတ်မောက်ရေလှောင်တမံမှ မိုးစပါး စိုက်ပျိုး ထောင်ရန်အတွက် စိုက်ပျိုးရေကို ယမန်နေ့မှစတင်၍   ပေးဝေလျက်ရှိကြောင်း သိရသည်။

မူမူစန်း(ပြန်/ဆက်)