ဗိုလ်တထောင် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ပုညသုခ)ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကိုရင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ဆေးထိုးနှံရန်ကျန်ရှိသည့် ကိုရင်များအား ကျောင်းများတွင် ဆက်လက်ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝိုင်းဝန်း၍လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)