သာယာဝတီ စက်တင်ဘာ ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဝင်းဝင်းမာ၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ယနေ့ နေ့လယ် ၁ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုမှုကြောင့် သာယာဝတီ မြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင် စက်တင်ဘာလ ၈ ရက်နေ့တွင် ကြိုတင် ဖျက်သိမ်း ပြောင်းရွှေ့အိမ် (၃)လုံး၊ ဒေါဝိကျေးရွာအုပ်စု၊ ဒေါဝိကျေးရွာတွင် မျောပါ နေအိမ်(၁)လုံး၊ စုစုပေါင်းနေအိမ်(၄)လုံးအတွက်အိမ်ဆောက် ပစ္စည်းဖိုး(၄) သိန်းကျပ်၊ လူဦးရေ(၁၅) ဦးအတွက် ဆန်ဖိုး (၃၁၅၀၀) ကျပ်၊ စုစုပေါင်း (၄၃၁၅၀၀) ကျပ်နှင့် ပစ္စည်း(၁၁) မျိုးပါ ၃ အိမ်ထောင်နှင့် ပစ္စည်း(၁၆) မျိုးပါ (၁)အိမ်ထောင်စာတို့အား မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)