လမိုင်း စက်တင်ဘာ ၁ဝ
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့၊မြို့မ(၃)ရပ်ကွက် အတွင်းရှိ အသက်(၈၅) နှစ် နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက် ပိုင်းက အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးခဲ့သည်။
အဆိုပါထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင်လ၊ ဩဂုတ် လ၊ စက်တင်ဘာလ အတွက် ဘိုးဘွားတစ်ဦးကိုတစ်လလျှင် ငွေကျပ်(၁၀၀၀၀/-)နှုန်းဖြင့် သုံးလစာ ငွေကျပ် (၃၀၀၀၀/-)ကို လမိုင်းမြို့ မြို့မ(၃) ရပ်ကွက်အတွင်းရှိ သက်ကြီး ဘိုးဘွား(၃၉)ဦးအား မြို့မ(၃) အုပ်ချုပ်ရေးမှူးဦးမြင့်ဝေနှင့်တာဝန်ရှိသူများက ထောက်ပံ့ ငွေများကို ဘိုးဘွားများလက်ဝယ်သို့ အိမ်တိုင်ရာ ရောက်လိုက်လံ ထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။
ဖြူဖြူအေး (လမိုင်း ပြန်/ဆက်)