ကျိုက်ထိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ပူးပေါင်း၍ အသိပညာပေး ဟောပြော

ကျိုက်ထို ဇူလိုင် ၁၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီဝင်းက ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ပြောကြား ပြီး ကျိုက်ထိုမြို့နယ် လူမှုဝန်ထမ်းစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာလွင်မှ ကလေးသူငယ် အခွင့်အရေးများဖြစ်သည့် ကျန်းမာရေးဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ အသက်မပြည့်မီ အလုပ်လုပ်ကိုင်ရခြင်းနှင့် လူကုန်ကူးခြင်းခံရခြင်းတို့ကို ဆွေးနွေး ဟောပြောခဲ့သည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အကြီးတန်းစာရေး ဦးဟန်လင်း ထက်မှ သဘာဘေးအန္တရာယ်များဖြစ်သည့် လျှပ်စီးလက်ခြင်း၊ မိုးကြိုး ပစ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်ရေရှားခြင်းဖြစ်ပေါ်ခြင်း၊ ငလျင်ဘေးနှင့် မုန်တိုင်းဘေး၊ လေပြင်းဘေး၊ ရေဘေး၊ မီးဘေး၊ မိုင်းအန္တရာယ် အစရှိသည်တို့ကို ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦစီးအရာရှိနှင့် ၀န်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ၀န်ထမ်း၊ အထက(၂)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား‌၊ ကျောင်းသူ  များ စုစုပေါင်း(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမောင် (ကျိုက်ထို)