အိမ်မဲမြို့နယ်၌ Door to Door စနစ်ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အိမ်ထောင်စုစာရင်းများ ကွင်းဆင်း ကောက်ယူ ဆောင်ရွက်

အိမ်မဲ ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ကဲ့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ဦးအရာရှိနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာများတွင် Door to Door စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ ကောက်ယူခြင်း၊ အိမ်ထောင်စု၊ လူဦးရေ စာရင်းများ၊ မှန်ကန်စေရန်အတွက် Door to Door စနစ်ဖြင့် ဆောင်ရွက်ရာတွင် သေဆုံးသူများ ပယ်ဖျက်၍ မွေးဖွားသူများကို မွေးတိုးစာရင်း ဆောင်ရွက်ခြင်း၊ သေဆုံးသူများကို စာရင်းမှပယ်ထုတ်ခြင်း၊ အကွက်အပေါက် တိုက်ဆိုင်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အခြားကျန်းရှိသော ကျေးရွာများတွင်လည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အိမ်မဲမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၇) အုပ်စုနှင့် ကျေးရွာခွဲ (၅၀၅)ရွာရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)