ဖျာပုံမြို့နယ်အတွင်းလူဦးရေစာရင်းနှင့် ကော်မရှင်ဦးရေစာရင်း မှန်ကန်စေရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဖျာပုံ ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း လူဦးရေစာရင်းနှင့်ကော်မရှင်လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ၊ မြို့နယ် လဝကဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ လူဦးရေစာရင်းနှင့် ကော်မရှင်လူဦးရေစာရင်း မှန်ကန်စေရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကြသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ​ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်က မြို့နယ်အတွင်း လူဦးရေစာရင်းမှန်ကန်စေရေးကွင်းဆင်း ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ မြို့နယ်ကော်မရှင်ဦးစီးအရာရှိဒေါ် ခင်မိုးလှိုင်က ကော်မရှင်လူဦးရေစာရင်း မှန်ကန်စေရေးအတွက် လက်ရှိလူဦးရေစာရင်း ဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးပြောကြားကြသည်။ အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက လူဦးရေစာရင်းနှင့် ကော်မရှင်ဦးရေစာရင်းမှန်ကန်စေရေးနှင့် ပတ်သက်၍ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ဆက်လက်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)